
(Hystero-salphingography)
သားဥပြွန်လမ်းကြောင်းဓာတ်မှန် (Hystero-salphingography)
သားဥပြွန်လမ်းကြောင်းဓာတ်မှန် (Hystero-salphingography) ဆိုသည်မှာ သားအိမ်အတွင်းသို့ဆေးသွင်း၍ ဓာတ်မှန်ရိုက်ခြင်း နည်းပညာတစ်ခုဖြစ်ပါသည်။
သားဥပြွန်လမ်းကြောင်းဓာတ်မှန်ရိုက်ကူးခြင်းဖြင့် သားအိမ်တည်ဆောက်ပုံမှန်မမှန်၊ သားအိမ်အတွင်းဖြစ်ပေါ်နေသော ချို့ယွင်းချက်များရှိမရှိနှင့် သားဥပြွန်လမ်းကြောင်းတွင် ပိတ်ဆို့နေခြင်းရှိမရှိကို သိရှိနိုင်ပါသည်။
HSG ကိုဘာကြောင့်လုပ်သင့်ပါသလဲ?
- သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများ အကြောင်းတစ်ခုခုကြောင့် ပိတ်ဆို့နေခြင်းများ၊ တည်ဆောက်ပုံမမှန်ခြင်းများကြောင့် ရင်သွေးရတနာရရန်ခက်ခဲခြင်းနှင့် အခြားကိုယ်ဝန်ဆောင်ပြဿနာများ ရှိနေ/ခံစားနေရပါက HSG နည်းလမ်းဖြင့် ရောဂါကို ကြိုတင်သိနိုင်ပြီး လိုအပ်တဲ့ကုသမှုများကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
💁♀️HSG ဖြင့် ဘယ်လိုလုပ်ဆောင်ပါသလဲ?
- ဓမ္မတာစသည့်ရက်မှ ၆ ရက်မှ ၁၀ ရက်အတွင်းစစ်ဆေးရပါမယ်။
- Contrast ဟုခေါ်သော ပုံရိပ်ဖော်ဆေးရည်ထိုးပြီး ရိုက်ကူးသည့်အတွက် သားအိမ်နှင့် သားဥပြွန်အခြေအနေကို ကောင်းစွာမြင်နိုင်မှာဖြစ်ပါတယ်။
- ရိုက်ကူးချိန် ၁၅ မိနစ် မှ မိနစ် ၃၀ ဝန်းကျင်သာကြာမြင့်နိုင်ပါတယ်။
- ရိုက်ကူးပြီးချိန်တွင် သွေးအနည်းငယ်ဆင်းခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်းနှင့် မူးဝေခြင်းများ တချို့လူနာများတွင်ကြုံတွေ့နိုင်ပါတယ်။
- ထိုသို့ဖြစ်ခဲ့ရင်လဲ အတွေ့အကြုံရှိသောဆရာဝန်များ၊ ကျွမ်းကျင်ဓာတ်မှန်ပညာရှင်များနှင့် ဝန်ထမ်းများက Team အလိုက် ကုသပေးဖို့အသင့်ရှိနေပါမယ်။
HSG ကို ဘယ်လိုအခြေအနေမှာမလုပ်သင့်ပါသလဲ?
- ကိုယ်ဝန်ဆောင်နေချိန်
- တင်ပါးဆုံကွင်းနားတစ်ဝိုက် အင်္ဂါရောင်ရမ်းခြင်းနှင့် အခြားပြဿနာများဖြစ်နေခြင်း
- သားအိမ်အတွင်းမှ သွေးဆင်းများခြင်း စတဲ့အခြေအနေမှာဆို မလုပ်သင့်သေးပါဘူး။
Reference:
📌https://www.acog.org/womens-health/faqs/hysterosalpingography
📌https://www.mayoclinic.org/hsg-test/vid-2008475