Home / Uncategorized / 🦟သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ပါ 🛡️

🦟သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ပါ 🛡️

Uncategorized 0

🦟သွေးလွန်တုပ်ကွေးရောဂါသည် မိုးဦးကာလနှင့် မိုးရာသီကာလများတွင် အဖြစ်များလေ့ရှိပါသည်။
အပူပိုင်းနှင့် သမပိုင်းဒေသများတွင် အများဆုံးဖြစ်လေ့ရှိပါသည်။
သွေးလန့်ခြင်းအဆင့်သို့ရောက်လျှင် အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါဖြစ်ပါသည်။

🦟သွေးလွန်တုပ်ကွေးရောဂါဘယ်လိုဖြစ်တာပါလဲ?
သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါပိုးသယ်ဆောင်လာသော Aedes ခြင်ကိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသောရောဂါတစ်မျိုးဖြစ်ပါသည်။
🦟Aedes ခြင်သည် ရေကြည်ရေသန့်နေရာများတွင် ပေါက်ဖွားလေ့ရှိပြီး ပျံသန်းမှုအကွာအဝေးတိုတောင်းသည့်အတွက် မိမိအနီးနားပတ်ဝန်းကျင်အတွင်း ရောဂါဖြစ်ပွားလေ့ရှိပါသည်။
အသက်အရွယ်အားဖြင့် (၁၅)နှစ်အောက် ကလေးသူငယ်များတွင် အဖြစ်များသည့်အတွက် ပတ်ဝန်းကျင် အိမ်နီးနားချင်းများ၊ ကျောင်းမှကလေးများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်နေပြီဆိုလျှင် မိမိကလေးကို သေချာဂရုစိုက်သင့်ပါသည်။

❗️သွေးလွန်တုပ်ကွေးရောဂါသည် အဆင့်(၄)ဆင့်ရှိပါသည်။
– သာမာန်တုပ်ကွေးအဆင့် (Dengue Fever Grade 1)
– သွေးလွန်တုပ်ကွေးအဆင့် (Dengue Hemorrhagic Fever Grade 2)
– သွေးလန့်ခြင်းအဆင့် (Dengue Shock Syndrome Grade 3 and 4) ဟူ၍ ပြင်းထန်မှုပေါ်မူတည်ပြီး အဆင့်(၄)ဆင့်ခွဲခြားနိုင်ပါသည်။

❗️သာမာန်တုပ်ကွေးအဆင့် (Dengue Fever) အဆင့်(၁) ရောဂါလက္ခဏာများမှာ
– အခြားတုပ်ကွေးရောဂါများနှင့် ရောဂါလက္ခဏာတူပါသည်။
– ဖျားခြင်း၊ ခေါင်းမူးခြင်း
– ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အဆစ်အမြစ်များနာကျင်ခြင်း၊ မျက်လုံးအောင့်ခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း တို့ဖြစ်ပါသည်။

❗️သွေးလွန်တုပ်ကွေးအဆင့် (Dengue Hemorrhagic Fever) အဆင့်(၂) ရောဂါလက္ခဏာများမှာ
– အဖျားကြီးခြင်း
– ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များကိုက်ခဲနာကျင်ခြင်း
– ခန္ဓာကိုယ်အရေပြားပေါ်တွင် အနီအစက်စက်များ ထွက်လာခြင်း
– အညိုရောင်များ အန်ခြင်း
– နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း
– ဝမ်းမဲမဲသွားခြင်း တို့ဖြစ်ပါသည်။

❗️သွေးလန့်ခြင်းအဆင့် (Dengue Shock Syndrome) အဆင့်(၃) နှင့် (၄) ရောဂါလက္ခဏာများမှာ
– အဖျား (၃)ရက်မှ (၆)ရက်အတွင်း အဖြစ်များပါသည်။
– ကိုယ်အပူချိန်ရုတ်တရက်ကျသွားခြင်း
– ခြေဖျားလက်ဖျားများ အေးစက်သွားခြင်း
– သွေးပေါင်ချိန်ကျဆင်းလာခြင်း၊ သွေးခုန်နှုန်းများမြန်လာခြင်း
– ဂဏှာမငြိမ်ခြင်း၊ သတိလစ်ခြင်း
– ဗိုက်အောင့်ဗိုက်နာခြင်း
– ခန္ဓာကိုယ်အနှံ့အပြားမှ သွေးယိုစီးခြင်း များဖြစ်လာနိုင်ပါသည်။

❗️နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့်
– ဦးနှောက်နှင့် ဦးနှောက်အမြှေးပါးရောင်ခြင်း
– နှလုံးကြွက်သားများရောင်ခြင်း
– အသည်းပျက်စီးခြင်း
– အခြားကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း
– အသက်သေဆုံးခြင်းများ ဖြစ်နိုင်ပါသည်။

🦟သွေးလွန်တုပ်ကွေးရောဂါဖြစ်ပါက မည်ကဲ့သို့လုပ်ရမလဲ?
– အဖျားကြီးပါက ရေပတ်တိုက်ပေးပါ။
– အရည်များများဝင်အောင် တိုက်ကျွေးပေးပါ။ (ဥပမာ- ဓာတ်ဆားရည်)
– အဖျားကျဆေးအတွက် ပါရာစီတမောသာ တိုက်ပေးပါ။
– အဆင့်(၂) မှစ၍ ဆေးရုံတက်ကုသရန် လိုအပ်ပါသည်။
– (၂)ရက်ထက် ပိုပြီးဖျားပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်သွားရောက်ပြသပါ။
– ရောဂါအခြေအနေကို အမြဲမပြတ်ကြည့်ရှုကုသရန် လိုအပ်ပါသည်။

✅ကြိုတင်ကာကွယ်၍ရသောရောဂါဖြစ်သည့်အတွက် ခြင်မပေါက်ဖွားအောင်ကာကွယ်ခြင်း၊ ခြင်မကိုက်အောင်ကာကွယ်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
ခြင်မပေါက်ဖွားအောင်ကာကွယ်ခြင်း အနေဖြင့်
– ရေအိုး၊ ရေတိုင်ကီ၊ ရေသိုလှောင်သောနေရာများကို အဖုံးဖုံးထားပါ။
– အသုံးမပြုပဲကျန်နေသော ရေများကို သွန်ပစ်ပါ။
– ဘုရားပန်းအိုး၊ သောက်တော်ရေ၊ ကြောင်အိမ်အောက်ခံရေခွက်လေးများကို ရေလဲပေးပါ။
– ရေကြည်ရေသန့်များကို ရေစစ်ဖြင့်စစ်ပြီး သောက်သုံးပါ။
– ရေသိုလှောင်သည့် ရေတွင်းရေကန်များတွင် ပိုးလောက်လန်းစားငါးများမွေးခြင်း၊ abate ဆေးခပ်ခြင်း၊ ဆေးမှုတ်ခြင်းများ ပြုလုပ်ပါ။
– ခြင်ပေါက်ဖွားနိုင်သောနေရာများ၊ ချုံများကို ရှင်းလင်းပါ။
– ပစ္စည်းအကွဲအစများ၊ အိုးအကွဲအစများတွင် ရေတင်နိုင်သည့်အတွက် မြေမြှုပ်ပါ၊ စနစ်တကျစွန့်ပစ်ပါ။
– နေ့လည်နေ့ခင်းဘက်တွင် ပြတင်းပေါက်တံခါးများကို ဖွင့်ထားပါ။

✅ ခြင်မကိုက်အောင်ကာကွယ်ခြင်း အနေဖြင့်
– အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များဝတ်ဆင်ပါ။
– ကလေးများအိပ်သည့်အခါ ခြင်ထောင်ဖြင့်သိပ်ပါ။
– ခြင်ကိုက်မခံရအောင် ဆေးဖြန်းခြင်း၊ ဆေးထွန်းခြင်း၊ ဆေးလိမ်းခြင်းများ ပြုလုပ်ပေးပါ။

👨‍👩‍👧‍👧 အချုပ်အားဖြင့်ဆိုသော် သွေးလွန်တုပ်ကွေးရောဂါသည် ဖြစ်ပွားမှုနှုန်းများပြီး ဖြစ်လျှင် အသက်အန္တရာယ်စိုးရိမ်ရတတ်ပါသည်။ ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းဖြင့် ပျော်ရွှင်သောမိသားစုဘဝလေးကို ဖန်တီးကြပါစို့။

📌Reference
– https://www.who.int/…/detail/dengue-and-severe-dengue
– https://www.cdc.gov/dengue/index.html

💙💛
အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် ကြိုတင်ရက်ချိန်းရယူရန်နှင့် ကျန်းမာရေးနှင့်ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📞 Ar Yu Call Center
📞 (01) 9376 200
📞 (09) 7678 111 22
📞 (09) 7678 111 44
🏥 အမှတ် – ၄၀၀၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

  •  
    Previous Post

    Healthy Kids Checkup Package

  •  
    Next Post

Subscribe Newsletter

Copyright Š ARYU Hospital 2023. All Rights Reserved