Author: Aryu Admin

ERCP
အသည်း၊ သည်းခြေအိတ်၊ သည်းခြေပြွန်နှင့် ပန်ကရိယတို့အား မှန်ပြောင်းဖြင့် ရောဂါရှာဖွေစစ်ဆေးကုသခြင်း (ERCP) ရောဂါအမည်တပ်၍မရနိုင်သောဝမ်းဗိုက်အောင့်ခြင်း– ပန်ကရိယရောင်ခြင်း– ပန်ကရိယကင်ဆာဖြစ်ခြင်းအသည်းကင်ဆာဖြစ်ခြင်း– သည်းခြေကင်ဆာဖြစ်ခြင်း– သည်းခြေပြွန်ပိတ်ခြင်း ( သို့) သည်းခြေကျောက်တည်ခြင်း – သည်းခြေပြွန် ( သို့) ပန်ကရိယမှအရည်များစိမ့်ထွက်ခြင်း– ပန်ကရိယပြွန်ပိတ်ခြင်း / ကျဉ်းခြင်း– အလုံး / အကျိတ်များအားရှာဖွေခြင်း– သည်းခြေပြွန်ပိုးဝင်ခြင်း
Read More
TACE
အသည်းကင်ဆာဝေဒနာများအား အသည်းသွေးကြောပိတ်ဆို့ကုသခြင်း Transcatheter arterial chemoembolization (TACE) အသည်းကင်ဆာဖြစ်စေနိုင်သောအကြောင်းအရင်းများ အသည်းရောင် ဘီပိုး အသည်းရောင် စီပိုး အရက်၊ ဆိုးဆေး နှင့် Aflatoxin အသည်းကင်ဆာရောဂါအား ကုသနိုင်သည့်နည်းလမ်းများ ခွဲစိတ်ကုသခြင်း အသည်းအစားထိုးကုသခြင်း ဓါတ်ရောင်ခြည်နည်းပညာဖြင့်ကုသခြင်း (Radio Frequency Ablation) ကင်ဆာအကျိတ် သေးသွားစေရန်၊ ပိုမိုကြီးထွားမလာစေရန် အသည်းသွေးကြောပိတ်ဆို့ကုသခြင်း (TACE) အသည်းသွေးကြောပိတ်ဆို့ကုသခြင်း (TACE) ဆိုသည်မှာ ခွဲစိတ်ကုသရန်မလိုဘဲ Interventional Radiology နည်းပညာ အသုံးပြု၍ အသည်းကင်ဆာ အကျိတ်ကို ထောက်ပံ့ပေးလျှက်ရှိသော သွေးကြောထဲသို့ ဓာတုဆေးသွင်းပြီး သွေးကြောပိတ်သွားအောင်ပြုလုပ်သည့်နည်းလမ်း (Embolization) ကိုအသုံးပြုခြင်းဖြစ် ပါသည်။ အသည်းသွေးကြောပိတ်ဆို့ကုသခြင်း (TACE) ၏ အဓိကရည်ရွယ်ချက်မှာ အသည်းကင်ဆာအကျိတ်ကို အဓိကပံ့ပိုးနေသော သွေးကြောထဲသို့ ဓာတုဆေးများ တိုက်ရိုက်သွင်း၍ ကင်ဆာဆဲလ်များကို သေစေခြင်းဖြစ်သည်။ ကင်ဆာအကျိတ်အရွယ်အစားများ သေးငယ်စေရန် နှင့် ကင်ဆာအကျိတ် ကြီးထွားခြင်းကို နှေးသွားစေရန် အဓိကရည်ရွယ်ပါသည်။ (ကင်ဆာရောဂါအား အမြစ်ပြတ်ကုသရသည့်နည်းလမ်း မဟုတ်ပါ) TACE ပထမအကြိမ်ပြုလုပ်သော တုံ့ပြန်မှုအခြေအနေအပေါ်မူတည်၍ ထပ်မံကုသမှုခံယူရန် လိုအပ်နိုင်ပါသည်။ အခြားသော ဓာတုဆေးရည်သွင်းပြီးကုသခြင်း၊ ဓာတ်ရောင်ခြည်နည်းပညာဖြင့်ကုသခြင်း တို့ဖြင့်လည်း ပူးတွဲကုသနိုင်သည်။ ============ TACE ပြုလုပ်ရန်အတွက် အောက်ပါ […]
Read More
Heart – Lung
Heart-Lung Machine အသုံးပြု၍ နှလုံးခွဲစိတ်ကုသခြင်း နှလုံးကိုခေတ္တရပ်တန့်၍ ခွဲစိတ်ကုသမှုများ ပြုလုပ်ရာတွင် နှလုံးနှင့် အဆုတ်တို့၏နေရာတွင် အစားထိုးအနေဖြင့် သွေးနှင့် အောက်စီဂျင်တို့ကို ခန္ဓာကိုယ်အနှံ့ပေးပို့နိုင်ရန်အတွက် Heart-Lung Machine ကို အသုံးပြုပြီး နှလုံးခွဲစိတ်ကုသနိုင်ပါသည်။ အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် Heart-Lung Machine ကို အသုံးပြု၍ အောက်ပါနှလုံးခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။ မွေးရာပါနှလုံးရောဂါအမျိုးမျိုး (ဥပမာ – နှလုံးအပေါက်ပါခြင်း၊ နှလုံးသွေးကြောဆက်နေခြင်း) နှလုံးသွေးကြောအစားထိုးခွဲစိတ်ကုသခြင်း နှလုံးအဆို့ရှင်ရောဂါအမျိုးမျိုးအား ခွဲစိတ်ပြုပြင်ခြင်း နှလုံးအဆို့ရှင်ရောဂါအမျိုးမျိုးအား အစားထိုးလဲလှယ်ကုသခြင်း နှလုံးသွေးလွှတ်ကြောမကြီးရောဂါများခွဲစိတ်ကုသခြင်း
Read More
Covid-19 Rapid Antigen Test Service
အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် Covid-19 ရောဂါပိုးစစ်ဆေးခြင်း ဝန်ဆောင်မှု (Covid-19 Rapid Antigen Test Service) ကို ပြုလုပ်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Covid-19 Rapid Antigen Test စစ်ဆေးခြင်း အစီအစဥ် ကြာသပတေးနေ့မှလွဲ၍ တစ်ပတ်လျှင် (၆)ရက် ဖွင့်လှစ်ပြီး စစ်ဆေးမှုများပြုလုပ်ပေးမည် ဖြစ်ပါသည်။ နံနက် (၈)နာရီ မှ ညနေ (၅)နာရီအထိ ဖွင့်လှစ်ပြီး စစ်ဆေးမှုများပြုလုပ်ပေးမည်ဖြစ်ပါသည်။ Covid-19 စစ်ဆေးမည့်သူများအနေဖြင့် ကြိုတင်ရက်ချိန်းရယူရန်လိုအပ်ပါသည်။ စစ်ဆေးမည့်သူများအနေဖြင့် မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ် (သို့) ယာဥ်မောင်းလိုင်စင် တစ်ခုခု၏ မူရင်းကို ယူဆောင်လာရန်လိုအပ်ပါသည်။ အောက်ပါ ဧည့်သည်များအနေဖြင့် Covid-19 Rapid Antigen Test စစ်ဆေးခြင်း ပြုလုပ်လို့မရနိုင်ပါ။ ပြည်ပနိုင်ငံသို့ ခရီးသွားမည့်သူများ ကြိုတင်ရက်ချိန်းမယူဘဲ walk-in လာရောက်မည့်သူများ Covid-19 Rapid Antigen Test စစ်ဆေးမည့်သူများအနေဖြင့် ဖုန်းနံပါတ် (09) 7678 111 66 သို့ တိုက်ရိုက်ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။
Read More
Covid -19 RT-PCR
အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် Covid-19 ရောဂါပိုးစစ်ဆေးခြင်းဝန်ဆောင်မှု (Rapid Antigen Test နှင့် RT-PCR Test) များကို တစ်နေရာတည်းတွင် စုံလင်ပြည့်စုံစွာ ပြုလုပ်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 💠 Covid-19 Rapid Antigen Test နှင့် RT-PCR Test စစ်ဆေးခြင်း အစီအစဥ် 💠 ✅ ကြာသပတေးနေ့မှအပ တစ်ပတ်လျှင် (၆)ရက် ဖွင့်လှစ်ပြီး Covid-19 စစ်ဆေးမှုများပြုလုပ်ပေးလျက် ရှိပါသည်။ ✅ နံနက် (၈)နာရီ မှ ညနေ (၅)နာရီအထိ ဖွင့်လှစ်ပြီး စစ်ဆေးမှုများပြုလုပ်ပေးလျက်ရှိပါသည်။ ✅ Covid-19 စစ်ဆေးမည့်သူများအနေဖြင့် ကြိုတင်ရက်ချိန်းရယူရန်လိုအပ်ပါသည်။ ✅ စစ်ဆေးမည့်သူများအနေဖြင့် မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ် (သို့) ယာဥ်မောင်းလိုင်စင် တစ်ခုခု၏ မူရင်းကို ယူဆောင်လာရန်လိုအပ်ပါသည်။ ⚠️ မှတ်ချက် – ကြိုတင်ရက်ချိန်းမယူဘဲ walk-in လာရောက်မည့် ဧည့်သည်များအနေဖြင့် Covid-19 စစ်ဆေးခြင်း ပြုလုပ်၍မရနိုင်ပါ။ ⚠️ 🌟 Covid-19 စစ်ဆေးမည့်သူများအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။ 📲 (09) 7678 111 66
Read More
Recent Comments