Category: Uncategorized

(Hystero-salphingography)
သားဥပြွန်လမ်းကြောင်းဓာတ်မှန် (Hystero-salphingography) သားဥပြွန်လမ်းကြောင်းဓာတ်မှန် (Hystero-salphingography) ဆိုသည်မှာ သားအိမ်အတွင်းသို့ဆေးသွင်း၍ ဓာတ်မှန်ရိုက်ခြင်း နည်းပညာတစ်ခုဖြစ်ပါသည်။ သားဥပြွန်လမ်းကြောင်းဓာတ်မှန်ရိုက်ကူးခြင်းဖြင့် သားအိမ်တည်ဆောက်ပုံမှန်မမှန်၊ သားအိမ်အတွင်းဖြစ်ပေါ်နေသော ချို့ယွင်းချက်များရှိမရှိနှင့် သားဥပြွန်လမ်းကြောင်းတွင် ပိတ်ဆို့နေခြင်းရှိမရှိကို သိရှိနိုင်ပါသည်။ HSG ကိုဘာကြောင့်လုပ်သင့်ပါသလဲ? သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများ အကြောင်းတစ်ခုခုကြောင့် ပိတ်ဆို့နေခြင်းများ၊ တည်ဆောက်ပုံမမှန်ခြင်းများကြောင့် ရင်သွေးရတနာရရန်ခက်ခဲခြင်းနှင့် အခြားကိုယ်ဝန်ဆောင်ပြဿနာများ ရှိနေ/ခံစားနေရပါက HSG နည်းလမ်းဖြင့် ရောဂါကို ကြိုတင်သိနိုင်ပြီး လိုအပ်တဲ့ကုသမှုများကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 💁♀️HSG ဖြင့် ဘယ်လိုလုပ်ဆောင်ပါသလဲ? ဓမ္မတာစသည့်ရက်မှ ၆ ရက်မှ ၁၀ ရက်အတွင်းစစ်ဆေးရပါမယ်။ Contrast ဟုခေါ်သော ပုံရိပ်ဖော်ဆေးရည်ထိုးပြီး ရိုက်ကူးသည့်အတွက် သားအိမ်နှင့် သားဥပြွန်အခြေအနေကို ကောင်းစွာမြင်နိုင်မှာဖြစ်ပါတယ်။ ရိုက်ကူးချိန် ၁၅ မိနစ် မှ မိနစ် ၃၀ ဝန်းကျင်သာကြာမြင့်နိုင်ပါတယ်။ ရိုက်ကူးပြီးချိန်တွင် သွေးအနည်းငယ်ဆင်းခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်းနှင့် မူးဝေခြင်းများ တချို့လူနာများတွင်ကြုံတွေ့နိုင်ပါတယ်။ ထိုသို့ဖြစ်ခဲ့ရင်လဲ အတွေ့အကြုံရှိသောဆရာဝန်များ၊ ကျွမ်းကျင်ဓာတ်မှန်ပညာရှင်များနှင့် ဝန်ထမ်းများက Team အလိုက် ကုသပေးဖို့အသင့်ရှိနေပါမယ်။ HSG ကို ဘယ်လိုအခြေအနေမှာမလုပ်သင့်ပါသလဲ? ကိုယ်ဝန်ဆောင်နေချိန် တင်ပါးဆုံကွင်းနားတစ်ဝိုက် အင်္ဂါရောင်ရမ်းခြင်းနှင့် အခြားပြဿနာများဖြစ်နေခြင်း သားအိမ်အတွင်းမှ သွေးဆင်းများခြင်း စတဲ့အခြေအနေမှာဆို မလုပ်သင့်သေးပါဘူး။ Reference: […]
Read More
Covid -19 RT-PCR
အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် Covid-19 ရောဂါပိုးစစ်ဆေးခြင်းဝန်ဆောင်မှု (Rapid Antigen Test နှင့် RT-PCR Test) များကို တစ်နေရာတည်းတွင် စုံလင်ပြည့်စုံစွာ ပြုလုပ်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 💠 Covid-19 Rapid Antigen Test နှင့် RT-PCR Test စစ်ဆေးခြင်း အစီအစဥ် 💠 ✅ ကြာသပတေးနေ့မှအပ တစ်ပတ်လျှင် (၆)ရက် ဖွင့်လှစ်ပြီး Covid-19 စစ်ဆေးမှုများပြုလုပ်ပေးလျက် ရှိပါသည်။ ✅ နံနက် (၈)နာရီ မှ ညနေ (၅)နာရီအထိ ဖွင့်လှစ်ပြီး စစ်ဆေးမှုများပြုလုပ်ပေးလျက်ရှိပါသည်။ ✅ Covid-19 စစ်ဆေးမည့်သူများအနေဖြင့် ကြိုတင်ရက်ချိန်းရယူရန်လိုအပ်ပါသည်။ ✅ စစ်ဆေးမည့်သူများအနေဖြင့် မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ် (သို့) ယာဥ်မောင်းလိုင်စင် တစ်ခုခု၏ မူရင်းကို ယူဆောင်လာရန်လိုအပ်ပါသည်။ ⚠️ မှတ်ချက် – ကြိုတင်ရက်ချိန်းမယူဘဲ walk-in လာရောက်မည့် ဧည့်သည်များအနေဖြင့် Covid-19 စစ်ဆေးခြင်း ပြုလုပ်၍မရနိုင်ပါ။ ⚠️ 🌟 Covid-19 စစ်ဆေးမည့်သူများအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။ 📲 (09) 7678 111 66
Read More
Capsule Endoscopy
ခေတ်မီအဆင့်မြင့်နည်းပညာဖြစ်သော ဆေးတောင့်ပုံစံသေးငယ်သော ကင်မရာလေးဖြင့် အစာအိမ်အူမကြီးကြည့်ရှူစစ်ဆေးခြင်း (Capsule Endoscopy) ဆေးတောင့်ပုံစံသေးငယ်သော ကင်မရာလေးဖြင့် အစာအိမ်အူမကြီးအား ၃၆၀° မှတ်တမ်းတင်ကြည့်ရှူစစ်ဆေးနိုင်သောကြောင့် အောက်ပါအကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။ နာကျင်မှုဝေဒနာမခံစားရခြင်း သက်တောင့်သက်သာရှိခြင်း အိပ်ဆေး(သို့)မေ့ဆေးပေးရန်မလိုခြင်း ခွဲစိတ်ရန်(သို့)မှန်ပြောင်းထည့်ရန်မလိုခြင်း စောလျင်စွာရောဂါရှာဖွေနိုင်ခြင်းကြောင့် မှန်ကန်တိကျသောကုသမှုပြုလုပ်ပေးနိုင်ခြင်း
Read More
Bronchoscopy
အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်၍ ရောဂါရှာဖွေစစ်ဆေးခြင်း (Bronchoscopy) Bronchoscopy ကို အဆုတ်ရောဂါပြသနာများရှာဖွေရာတွင် အသုံးပြုလေ့ရှိပါသည် (ဥပမာ – အဆက်မပျက် ချောင်းဆိုးခြင်း၊ ရင်ဘတ်ဓါတ်မှန်ပုံမှန်မဟုတ်ခြင်း) ထို့အပြင် Bronchoscopy ကို အောက်ပါရောဂါအခြေအနေများ ရှာဖွေရာတွင်လည်း အသုံးပြုလေ့ရှိပါသည်။ အဆုတ်ရောဂါပြသနာများအား ရှာဖွေစစ်ဆေးခြင်း အဆုတ်ပိုးဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း အဆုတ်မှအသားစယူ၍စစ်ဆေးခြင်း အဆုတ်နှင့် လေပြွန်အတွင်း ပိတ်နေသော ပြင်ပအရာဝတ္ထုများ၊ ချွဲ၊ သလိပ် (သို့) အလုံးအကျိတ်များအား ဖယ်ရှားပေးခြင်း လေပြွန်ဖွင့်ပေးခြင်း အဆုတ်နှင့် လေပြွန်တွင်းသွေးယိုခြင်း ပုံမှန်မဟုတ်သောလေပြွန်ကျဥ်းခြင်း
Read More
Health Expo
‘အာယု ကျန်းမာရေးပွဲတော်’ ‘ARYU Health Expo’ ကို ပထမဆုံးအကြိမ် ကျင်းပ အာယု ကျန်းမာရေးပွဲတော်ကြီး “ ARYU Health Expo” ကို အာယု အင်တာနေရှင်နယ် ဆေးရုံကြီးတွင်ပထမဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနစ်၊ အောက်တိုဘာလ ၄ ရက်မှ ၆ ရက်နေ့အထိ ၃ ရက်တိတိ ကျင်းပလျက်ရှိပါသည်။“ပိုမိုကျန်းမာ ပျော်ရွှင်သော လူမှုဘဝဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပသော အဆိုပါပွဲကို အာယု အင်တာနေရှင်နယ် ဆေးရုံကြီး၏ ခေတ်မီကျန်းမာရေးစောင့်ရှောက်မှု၊ နိုင်ငံတကာ အဆင့်မီသောကျန်းမာရေးဝန်ဆောင်မှုကို စိတ်ပါဝင်စားသူများ လာရောက်လေ့လာနိုင်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကာ ဝင်ကြေးအခမဲ့ဖြင့် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အထိ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရသည်။ Ar Yu Health Exp ပွဲကြီးတွင် Medical Checkup Package များကို အထူး Discount များဖြင့် ရောင်းချပေးမည့်အပြင် အခမဲ့အခြေခံကျန်းမာရေးစစ်ဆေးခြင်းများ အပြင် ပွဲတက်လာသူများအတွက် ကျန်းမာရေးစစ်ဆေးခြင်း ကူပွန်များလဲ ကံစမ်းမဲဖောက်ပေးမှာဖြစ်လို့ ဆက်ဆက်တက်ရောက်ဖို့ဖိတ်ခေါ်လိုက်တယ်နော်။ “ပိုမိုကျန်းမာပျော်ရွှင်သော လူနေမှုဘဝဆီသို့” … ဆိုတဲ့ ဆောင်ပုဒ် နဲ့ အညီ […]
Read More
Recent Comments