
Medicine Delivery
�� အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ရန်ကုန်မြို့တွင်း ဆေးဝါးများအိမ်အရောက်
ပို့ဆောင်ခြင်းဝန်ဆောင်မှု ��
ယခုလိုအချိန်မှာ အပြင်လဲမထွက်ချင် မိမိသောက်နေကျဆေးဝါးများ ကုန်သွားလို့
အခက်အခဲဖြစ်နေပါသလား⁉️
ဆရာဝန်ချိန်းထားတဲ့ ရက်ကလည်းမပြည့်သေးဘူး �� ဆေးရုံကို သွားဝယ်ရအောင်ကလည်း လူခွဲကလဲ မရှိဘူး ��
�� အဲ့ဒီလိုဆိုရင်တော့ အာယုအင်တာနေရှင်နယ်ဆေးရုံကြီး ကို သတိရလိုက်ပါ ��
��️ နေ့စဥ် ပိတ်ရက်မရှိ နံနက် (၈:၃၀) နာရီ မှ ညနေ (၅) နာရီ အတွင်း
(09) 7555 055 70 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ ��️
�� ဆေးဝါးများမှာယူမည်ဆိုလျှင်…
✅ အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် ပြသပြီးသော လူနာဟောင်းများ ဖြစ်ရပါမည်။
✅ အမှားအယွင်းမရှိစေရန် Viber မှတစ်ဆင့် ဆေးဝါးများမှာယူမှုအား အတည်ပြုပေးရပါမည်။
✅ Viber မှတစ်ဆင့် ဆရာဝန်ညွှန်ကြားထားသော ဆေးညွှန်းစာမျက်နှာ နှင့် ဆေးဝါးအမည် (သို့)
ဆေးဝါးအမည် နှင့် လူနာအချက်အလက်ပါသော ဆေးအိတ်ခွံ ကို ပေးပို့၍ လိုအပ်သည့်
ဆေးဝါးပမာဏအတိုင်း ဝယ်ယူနိုင်ပါသည်။
��Viber Phone Number
(09) 7555 055 70 သို့ ဆေးဝါးများမှာယူရာတွင်…
�� ဆေးလက်ခံပေးမည့် သူ၏အမည်
�� ပေးပို့ရမည့် လိပ်စာ (အတိအကျ)
�� ဖုန်းနံပါတ်
စသည့်အချက်အလက်များကိုပါ ပေးပို့ရမည် ဖြစ်ပါသည်။
✅ မှာယူသောဆေးဝါးကျသင့်ငွေ + Service Charges (4,000 MMK) + မြို့နယ်အလိုက်ဆေးဝါးပို့ဆောင်ခ
တို့ကျသင့်မည်ဖြစ်ပါသည်။
✅ ကျသင့်ငွေကို ဘောက်ချာ (Invoice) ပို့ပေးမည်ဖြစ်ပြီး အာယုဆေးရုံ bank account သို့ mobile banking
မှ ငွေလွှဲပေးပို့နိုင်ပါသည်။
✅ ငွေလွှဲပြီးပါက လွှဲပြီးကြောင်းကို ဘဏ်မှပေးသောပြေစာအား ဓာတ်ပုံရိုက်၍သော်လည်းကောင်း၊
Mobile banking မှ လွှဲပြီးကြောင်း Screen Shot ကိုလည်းကောင်း Viber ဖုန်းနံပါတ်သို့ ပြန်လည်ပေးပို့ရန်
လိုအပ်ပါသည်။
✅ ကျသင့်ငွေကို အာယုဆေးရုံကြီး ၏ ဘဏ်အကောင့် ထဲသို့ လွှဲပြီးသည့် နေ့မှစ၍ ၁ရက်မှ ၃ရက်အတွင်း
Delivery Service ဖြင့် ပေးပို့သွားမည် ဖြစ်ပါသည်။ (ရန်ကုန်မြို့တွင်းသာ)
✅ ဆေးများကို လက်ခံသည့် အချိန်တွင် တစ်ခါတည်း စစ်ဆေး၍ ယူပေးပါရန်။
✅ Delivery ခကို ဆေးလာပို့သည့်အချိန်တွင် သီးသန့်ထပ်မံပေးချေရန်လိုအပ်ပါသည်။
✅ ဆေးမှာယူနိုင်သည့် အချိန် နေ့စဥ် နံနက် ၈:၃၀နာရီ မှ ညနေ၅နာရီအထိ (နေ့စဥ် ညနေ
၄နာရီကျော်သွားသည့် ဆေးအမှာများကို နောက်တစ်နေ့ နံနက်တွင် ပြန်ဆက်သွယ်ပေးပါမည်။)
�� သတိပြုရမည့် အချက်များ ��
⚠️ ယခုဝန်ဆောင်မှုကို ဆရာဝန်ကြီးများ၏ ဆေးညွှန်ကြားချက်ဖြင့်သာ ဝယ်ယူနိုင်ပါမည်။
ဆရာဝန်တိုင်း ဆေးညွှန်ကြားချက် မပေးပါသဖြင့် အသေးစိတ်အချက်အလက်များအား pharmacists
များထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
⚠️ ယခုဝန်ဆောင်မှုသည် ဆေးကုန်သွားပြီး ဆေးဆက်လက်သောက်သုံးရန် လိုအပ်သူများအား
အဓိကရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ပါသည်။
⚠️ ထိန်းချုပ်ဆေးဝါးများ၊ ထိုးဆေးများ၊ ကလေးဆေးများနှင့် ရေခဲသေတ္တာထဲတွင်သိမ်းဆည်းရသည့်
ဆေးဝါးများအား ပို့ဆောင်ပေးခြင်း မပြုလုပ်ပါ။
⚠️ ယခုဝန်ဆောင်မှုအား ရန်ကုန်မြို့တွင်းသာ မှာယူနိုင်ပါသည်။ မှာယူပြီးသည့်ဆေးဝါးများကို
ပြန်လည်လက်ခံမည်မဟုတ်ပါ။