
Aryu Privilege Membercard Launching အခမ်းအနားကျင်းပ
AR YUဆေးရုံ၏ ပြင်ပလူနာဌာနတွင် နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာရောဂါများ ၊ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများ ၊ အရိုး ၊ အကြော ၊ အဆစ် ဆိုင်ရာရောဂါများ ၊ အသည်းရောဂါအမျိုးမျိုး ၊ အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာရောဂါများ ၊
သားဖွားနှင့်မီးယပ်ဆိုင်ရာရောဂါများ ၊ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာရောဂါများ ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများ ၊ အရေပြားဆိုင်ရာရောဂါအမျိုးမျိုး ၊ ကလေးအထွေထွေရောဂါ ၊ အထွေထွေရောဂါအမျိုးမျိုးတို့ကို ခွဲစိတ်ကုသခြင်းနှင့် စမ်းသပ်စစ်ဆေးကုသခြင်းတို့ကိုဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
‘Ar Yu Privilege Member Card Launching Event’ အခမ်းအနား ကိုဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည်ပိုင်းကရန်ကုန်မြို့ Wyndham Grand Hotel တွင် ကျင်းပခဲ့သည်။
အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ရည်ရွယ်ချက်သည် ပြီးပြည့်စုံသော နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုပေးရန်ဖြစ်သည်။ ထိုအခမ်းအနားတွင် member Cardပြုလုပ်ရခြင်းအကျိုး ကျေးဇူးများနှင့် အသုံးဝင်ပုံများ ၊ကျန်းမာရေးစစ်ဆေးခြင်း ၏ကောင်းကျိုး များကိုရှင်းလင်းပြောကြားသည်။ member ကဒ်ပြုလုပ်သူများအနေဖြင့် ကျန်းမာရေးစစ်ဆေးခြင်းမေတ္တာလက်ဆောင်ဘောက်ချာများ ၊ဆေးရုံလူနာအခန်းများအသုံးပြုခြင်းအတွက် အထူးလျော့စျေးများ ၊ ရန်ကုန်မြို့တွင်းအခမဲ့ဆေးရုံကားဝန်ဆောင်မှု ၊ ရန်ကုန်မြို့ပြင်ပဆေးရုံကားအထူးလျော့စျေးများရရှိနိုင်မည်ဖြစ်သည်။