
Bronchoscopy
အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်၍ ရောဂါရှာဖွေစစ်ဆေးခြင်း (Bronchoscopy)
Bronchoscopy ကို အဆုတ်ရောဂါပြသနာများရှာဖွေရာတွင် အသုံးပြုလေ့ရှိပါသည် (ဥပမာ – အဆက်မပျက် ချောင်းဆိုးခြင်း၊ ရင်ဘတ်ဓါတ်မှန်ပုံမှန်မဟုတ်ခြင်း)
ထို့အပြင် Bronchoscopy ကို အောက်ပါရောဂါအခြေအနေများ ရှာဖွေရာတွင်လည်း အသုံးပြုလေ့ရှိပါသည်။
- အဆုတ်ရောဂါပြသနာများအား ရှာဖွေစစ်ဆေးခြင်း
- အဆုတ်ပိုးဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း
- အဆုတ်မှအသားစယူ၍စစ်ဆေးခြင်း
- အဆုတ်နှင့် လေပြွန်အတွင်း ပိတ်နေသော ပြင်ပအရာဝတ္ထုများ၊ ချွဲ၊ သလိပ် (သို့) အလုံးအကျိတ်များအား ဖယ်ရှားပေးခြင်း
- လေပြွန်ဖွင့်ပေးခြင်း
- အဆုတ်နှင့် လေပြွန်တွင်းသွေးယိုခြင်း
- ပုံမှန်မဟုတ်သောလေပြွန်ကျဥ်းခြင်း