PlayPause
previous arrownext arrow
Slider

Center & Clinics

နှလုံးကုသမှုဌာန

ကျွန်ုပ်တို့၏ အာယုနှလုံးရောဂါကုသမှုဌာနတွင် အမျိုးအစားစုံလင်၍ခေတ်မီဆန်းသစ်သောနောက်ဆုံး ပေါ် စက်ကိရိယာများနှင့် ပြီးပြည့်စုံသောဝန်ဆောင်မှုများရရှိနိုင်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ဌာနတွင် အတွေ့အကြုံရင့်ကျက်သော နှလုံးအထူးကုဆရာဝန်ကြီးများ အချိန်ပြည့်ရှိခြင်းနှင့် တိကျမှန်ကန်သော ဆေးမှတ်တမ်းအဖြေများရရှိနိုင်စေရန် ခေတ်မီဆန်းသစ်သော ရောဂါရှာဖွေရေးစက်များနှင့် အဆင့်မြင့် နည်းပညာများကိုသာ အသုံးပြုထားပါသည်။ ထို့အပြင် နှလုံးရောဂါအမျိုးမျိုး (သို့မဟုတ်) နှလုံးရောဂါနှင့် ဆက်နွယ်သော ရောဂါအမျိုးမျိုးတို့အတွက် သေချာထိရောက်သော နှလုံးရောဂါ ကုသရေးနည်းလမ်းများ ကိုလည်း ရရှိနိုင်ပါသည်။ ပြီးပြည့်စုံသော နှလုံးနှင့် နှလုံးသွေးကြောရောဂါ စစ်ဆေးမှုအစီအစဉ်များရှိခြင်း ကြောင့် နှလုံးရောဂါကာကွယ်ခြင်းနှင့် ဆိုးရွားသောနှလုံးရောဂါများမဖြစ်ပေါ်စေရန် ကြိုတင်ရှာဖွေ စစ်ဆေးခြင်းများလည်း ပြုလုပ်နိုင်ပါသည်။

နှလုံးရောဂါကုသမှုနှင့် ဝန်ဆောင်မှုများ
နှလုံးရောဂါ ရှာဖွေစစ်ဆေးခြင်း
  • ရင်ဘတ်တွင် အီးစီဂျီစက်တပ်၍ စစ်ဆေးခြင်း အားဖြင့် နှလုံးခုန်နှုန်းမှန်မမှန်ကိုလည်းကောင်း၊ နှလုံးသွေးကြောကျဉ်းရောဂါရှိမရှိကိုလည်းကောင်း၊ နှလုံးအရွယ်အစားနှင့် မွေးရာပါနှလုံးရောဂါများကို ဆရာဝန်မှ လွယ်ကူစွာသိရှိနိုင်ပါသည်။ 
  • နှလုံးခုန်စမ်းသပ်စစ်ဆေးခြင်း (Hotlar) စက်ဆိုသည်မှာ အိတ်ဆောင်အီးစီဂျီစက် တစ်မျိုးဖြစ်ပါသည်။ နှလုံးခုန်နှုန်းဆိုင်ရာ အချက်အလက်များကို ၂၄ နာရီ သို့မဟုတ် ၇၂ နာရီ စောင့်ကြည့်လေ့လာနိုင်ပြီး သာမန်အီးစီဂျီစက်ဖြင့်မသိနိုင်သော နှလုံးခုန်မှုဆိုင်ရာ မူမမှန်သောအခြေ အနေများကို စောင့်ကြည့်လေ့လာသိရှိနိုင်ပါသည်။
  • နှလုံးအားနည်းခြင်းရှိမရှိ၊ နှလုံးအခန်းများနှင့် အဆို့ရှင်များကောင်းမကောင်းနှင့် သွေးလှည့်ပတ်မှုအခြေအနေများကိုရင်ဘက်ပေါ်မှတဆင့် အာထရာ ဆောင်းစက်ဖြင့် စစ်ဆေးသိရှိနိုင်သောစမ်းသပ်မှုမျိုးဖြစ်ပါသည်။
  • လေ့ကျင့်ခန်းလုပ်၍သော် လည်းကောင်း၊ နှလုံးခုန်နှုန်းမြန်စေသောဆေးတစ်မျိုးမျိုးပေး၍သော်လည်းကောင်း နှလုံး၏အလုပ်လုပ် နိုင်စွမ်းစွမ်းရည်ကို စမ်းသပ်စစ်ဆေးခြင်းဖြစ်ပါသည်။
  •  သေးသွယ်ပျော့ပျောင်းသော ပိုက် (Sheath) ကို ပေါင် (သို့) လက်မောင်းရှိ သွေးလွှတ်ကြောမှ သော်လည်းကောင်း၊ သွေးပြန်ကြောမှသော်လည်းကောင်း ဦးစွာထည့်သွင်း၍ Guide catheter (ခေါ်) နောက်ထပ်ပိုက်ငယ်တစ်ချောင်းကို နှလုံးအထိရောက်အောင်ထည့်သွင်းကာ ဆေးသွင်း၍ပုံဖော်ပြီး နှလုံးအထူးကုဆရာဝန်ကြီးများမှ တီဗွီဖန်သားပြင်မော်နီတာမှတဆင့် နှလုံးသွေးကြောရောဂါအခြေ အနေများကို စမ်းသပ်စစ်ဆေးကုသမှုပေးခြင်းဖြစ်ပါသည်။
  • နှလုံးနှင့် ဆိုင်သောရောဂါအများစုကို စစ်ဆေးစမ်းသပ်နိုင်ပါသည်။စစ်ဆေးမည်ဆိုပါကလူနာသည်ဦးစွာ ပတ်လက် အနေအထားဖြင့် အဝိုင်းပေါက်ပုံသဏ္ဍန် ရှိသောစက်ပေါ်ရှိ လူနာအိပ်ရန်နေရာတွင် လဲလျှောင်းနေရန် လိုအပ်ပါသည်။ ထို့နောက်တွင်ဓာတ်မှန်စက်မှ ခန္ဓာကိုယ်ပတ်ပတ်လည်မှနေ၍ နှလုံးနှင့်ရင်ဘတ် ဓာတ်မှန်ပုံများကို ရိုက်ကူးမည်ဖြစ်ပါသည်။ နှလုံးသွေးကြောနှင့် နှလုံးကြွက်သားရောဂါများကို စစ်ဆေး ပါသည်။
  • စမ်းသပ်မှုပြုလုပ်ရန်အတွက် လျှပ်စစ်သံလိုက် လှိုင်းထုတ်လွှတ်ပေးသော ပိုက်လုံးပုံစံစက်ထဲရှိ လူနာအိပ်ရန်နေရာတွင် လဲလျောင်းရန်လိုအပ်ပါသည်။ လျှပ်စစ်သံလိုက်လှိုင်းထုတ်လွှတ်မှုမှ ရရှိလာသော နှလုံး၏ ပုံရိပ်များကို ကြည့်ရှုစစ်ဆေး၍ နှလုံးကျန်းမာရေး အခြေအနေကို ကုသမှုပေးနိုင်ပါသည်။
နှလုံးရောဂါဆိုင်ရာ ကုသခြင်းများ
  • နှလုံးခုန်ထိန်းစက်ထည့်သွင်းကုသခြင်း (Pace Maker)
  • ရုတ်တရက်နှလုံးရောဂါဖောက်ခြင်းမှကာကွယ်ရန်စက်ထည့်ခြင်း AICD (automatic implantable cardiocverter defibrillator umplantation)
  • နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်းနှင့် ကုသခြင်းများ (coronary angiogram)
  • ဘောလုံးထည့်၍နှလုံးသွေးကြောချဲ့ကုသခြင်း (balloon angioplasty)၊ သွေးကြောထောက် ကိရိယာ (stent) ထည့်၍ကုသခြင်း
နှလုံးရောဂါအထူးကုဌာနရှိ ခွဲစိတ်ခြင်းနှင့် စမ်းသပ်စစ်ဆေးမှုဆိုင်ရာ ဝန်ဆောင်မှုများ
Other Medical Services
Physiotherapy & Rehabilitation

Physiotherapy & Rehabilitation

Lorem ipsum dolor sit amet, consectetur adipiscing elit.

Center & Clinics
Services & Facility

Services & Facility

Lorem ipsum dolor sit amet, consectetur adipiscing elit.

Patient Service

Subscribe Newsletter

Address

Copyright © ARYU Hospital 2021. All Rights Reserved