
Health Expo
‘အာယု ကျန်းမာရေးပွဲတော်’ ‘ARYU Health Expo’ ကို ပထမဆုံးအကြိမ် ကျင်းပ အာယု ကျန်းမာရေးပွဲတော်ကြီး “ ARYU Health Expo” ကို အာယု အင်တာနေရှင်နယ် ဆေးရုံကြီးတွင်ပထမဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနစ်၊ အောက်တိုဘာလ ၄ ရက်မှ ၆ ရက်နေ့အထိ ၃ ရက်တိတိ ကျင်းပလျက်ရှိပါသည်။
“ပိုမိုကျန်းမာ ပျော်ရွှင်သော လူမှုဘဝဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပသော အဆိုပါပွဲကို အာယု အင်တာနေရှင်နယ် ဆေးရုံကြီး၏ ခေတ်မီကျန်းမာရေးစောင့်ရှောက်မှု၊ နိုင်ငံတကာ အဆင့်မီသော
ကျန်းမာရေးဝန်ဆောင်မှုကို စိတ်ပါဝင်စားသူများ လာရောက်လေ့လာနိုင်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကာ ဝင်ကြေးအခမဲ့ဖြင့် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အထိ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
Ar Yu Health Exp ပွဲကြီးတွင် Medical Checkup Package များကို အထူး Discount များဖြင့် ရောင်းချပေးမည့်အပြင် အခမဲ့အခြေခံကျန်းမာရေးစစ်ဆေးခြင်းများ အပြင် ပွဲတက်လာသူများအတွက် ကျန်းမာရေးစစ်ဆေးခြင်း ကူပွန်များလဲ ကံစမ်းမဲဖောက်ပေးမှာဖြစ်လို့ ဆက်ဆက်တက်ရောက်ဖို့
ဖိတ်ခေါ်လိုက်တယ်နော်။ “ပိုမိုကျန်းမာပျော်ရွှင်သော လူနေမှုဘဝဆီသို့” … ဆိုတဲ့ ဆောင်ပုဒ် နဲ့ အညီ သီတင်းကျွတ်အခါသမယတွင် မိမိတို့ချစ်ခင်လေးစားတန်ဖိုးထားရသူများ အတွက် ကျန်းမာခြင်းလက်ဆောင်များ ကို သိလိုသမျှမေးပြီး၊ တစ်နေရာတည်းတွင်
အထူးစျေးနှုန်းများဖြင့် ဝယ်ယူနိုင်ရန် လဲစီစဉ်ထားတယ်နော်..