ဆေးရုံနောက်ခံသမိုင်း

အာယု အင်တာနေရှင်နယ်ဆေးရုံကြီးကို ဇွန်လ၊ ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းဆေးရုံများ စီမံခန့်ခွဲအုပ်ချုပ်ရေး အဖွဲ့မှ မြန်မာပြည်တွင် အဓိက တာဝန်ယူ စီမံခန့်ခွဲမည့် ပထမဆုံးနှင့် တစ်ခုတည်းသော စံပြုထိုက်သည့် ဆေးရုံကြီးတစ်ရုံ ဖြစ်ပါသည်။ အာယု အင်တာနယ်ရှင်နယ်ဆေးရုံကြီးကို ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံဘက်မှ ဂမုန်းပွင့်ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံဘက်မှ ထွန်ဘူရီ ကျန်းမာရေး စောင့်ရှောက်မှုအုပ်စုတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ကာ စတင်တည်ထောင်ခဲ့ကြပါသည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ဝန်ဆောင်မှုများ ပေးသွားနိုင်ရန်ဖြစ်ပါသည်။

အာယု အင်တာနေရှင်နယ်ဆေးရုံကြီးသည် တာမွေမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပါသည်။ ခန့်ညားလွန်းလှသည့် အာယုဆေးရုံကြီး၏ (၁၃)ထပ် အဆောက်အဦးတွင် အတွင်းလူနာအခန်း (၂၀၀) ခန့်ပါဝင်ပါသည်။ များပြားလှသည့် အထုးကုဌာနများပါသော ပြင်ပလူနာဌာနလဲထားရှိပါသည်။ ဆေးရုံကိုလာသည့် ဧည့်သည်များ အဆင်ပြေစေရန် ကားအစီးရေ (၃၅၀)ခန့် ရပ်နားနိုင်သော ကားရပ်နားရန် နေရာလဲ စီစဉ်ထားပါသည်။

GMP logo

ဂမုန်းပွင့်အဖွဲ့အစည်းကြီးသည် မြန်မာနိုင်ငံတွင် အောင်မြင်နေသော အဖွဲ့အစည်းများမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ ၁၉၉၁ ခုနစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကနဦးပိုင်းတွင် မော်တော်ယာဉ်နှင့် စပ်ဆက်ပစ္စည်း များကို တင်သွင်းရောင်းချခဲ့သည်။ နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာခဲ့ပြီး ၁၉၉၆ ခုနစ်တွင် ပထမဆုံး လူသုံးကုန်ပစ္စည်းများ ရောင်းချသည့် ဂမုန်းပွင့်ကုန်တိုက်ကြီး ကိုဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုအချိန်တွင် ဂမုန်းပွင့် ကုန်တိုက်နှင့် စျေးဝယ်စင်တာတွဲလျက် စုစုပေါင်း (၅)ခုကို ဖွင့်နိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့အပြင် ဂမုန်းပွင့် အဖွဲ့အစည်းကြီး အနေဖြင့် ကုန်သွယ် မှုလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ဟိုတယ်လုပ်ငန်းတို့ကိုလည်း အောင်မြင်စွာ လုပ်ကိုင်လျှက်ရှိပါသည်။

ထိုင်းနိုင်ငံရှိ ထွန်ဘူရီအဖွဲ့အစည်းသည် ပုဂ္ဂလိကဆေးရုံများ ဖွဲ့စည်းတည်ထောင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အခြားနိုင်ငံများတွင်လည်း လုပ်ငန်းခွဲများရှိခြင်း ထွန်ဘူရီ အဖွဲ့အစည်း၏ တိုက်ရိုက်အုပ်ချုပ်မှုနှင့် အကျိုးတူပူးပေါင်းသည့် အဖွဲ့အစည်းများမှတစ်ဆင့် စီမံခန့်ခွဲလျှက်ရှိပါသည်။ ထွန်ဘူရီအဖွဲ့အစည်းကို ၁၉၇၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထွန်ဘူရီအဖွဲ့အစည်းသည် လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်းဆေးရုံပေါင်း (၂၄)ရုံကို စီမံခန့်ခွဲလျက်ရှိပါသည်။ ထွန်ဘူရီ အဖွဲ့အစည်းအောက်ရှိ ဆေးရုံများသည် အရည်အသွေး ပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်တွင်း၊ ပြည်ပ နိုင်ငံများတွင် နိုင်ငံတကာအဆင့်မီစွာ ဝန်ဆောင်မှု ပေးလျက်ရှိသည်။ လက်ရှိတွင် ထွန်ဘူရီအဖွဲ့အစည်းသည် ၄င်းတို့၏ ဝန်ဆောင်မှုများကြောင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဖွဲ့အစည်းကြီး၏ အသိအမှတ်ပြုခြင်းခံထားရပါသည်။

Thonburi logo

Subscribe Newsletter

Address

Copyright © ARYU Hospital 2020. All Rights Reserved