TACE

အသည်းကင်ဆာ​ဝေဒနာများအား အသည်း​​သွေး​ကြောပိတ်ဆို့ကုသခြင်း Transcatheter arterial chemoembolization (TACE)

အသည်းကင်ဆာဖြစ်​စေ​နိုင်သောအ​ကြောင်းအရင်းများ

  • အသည်းရောင် ဘီပိုး
  • အသည်းရောင် စီပိုး
  • အရက်၊ ဆိုးဆေး နှင့် Aflatoxin

အသည်းကင်ဆာ​ရောဂါအား ကုသနိုင်သည့်နည်းလမ်းများ

  • ခွဲစိတ်ကုသခြင်း
  • အသည်းအစားထိုးကုသခြင်း
  • ဓါတ်​ရောင်ခြည်နည်းပညာဖြင့်ကုသခြင်း (Radio Frequency Ablation)
  • ကင်ဆာအကျိတ် ​သေးသွား​စေရန်၊ ပိုမိုကြီးထွားမလာ​စေရန် အသည်း​​သွေး​ကြောပိတ်ဆို့ကုသခြင်း (TACE) 
  • အသည်း​​သွေး​ကြောပိတ်ဆို့ကုသခြင်း (TACE) ဆိုသည်မှာ ခွဲစိတ်ကုသရန်မလိုဘဲ Interventional Radiology နည်းပညာ အသုံးပြု၍ အသည်းကင်ဆာ အကျိတ်ကို ထောက်ပံ့ပေးလျှက်ရှိသော သွေးကြောထဲသို့ ဓာတုဆေးသွင်းပြီး သွေးကြောပိတ်သွားအောင်ပြုလုပ်သည့်နည်းလမ်း (Embolization) ကိုအသုံးပြုခြင်းဖြစ် ပါသည်။
  • အသည်း​​သွေး​ကြောပိတ်ဆို့ကုသခြင်း (TACE) ၏ အဓိကရည်ရွယ်ချက်မှာ အသည်းကင်ဆာအကျိတ်ကို အဓိကပံ့ပိုးနေသော သွေးကြောထဲသို့ ဓာတုဆေးများ တိုက်ရိုက်သွင်း၍ ကင်ဆာဆဲလ်များကို သေစေခြင်းဖြစ်သည်။ ကင်ဆာအကျိတ်အရွယ်အစားများ သေးငယ်စေရန် နှင့် ကင်ဆာအကျိတ် ကြီးထွားခြင်းကို နှေး​သွားစေရန် အဓိကရည်ရွယ်ပါသည်။ 

(ကင်ဆာ​ရောဂါအား အမြစ်ပြတ်ကုသရသည့်နည်းလမ်း မဟုတ်ပါ) 

  • TACE ပထမအကြိမ်ပြုလုပ်သော တုံ့ပြန်မှုအ​ခြေအ​နေအပေါ်မူတည်၍ ထပ်မံကုသမှုခံယူရန် လိုအပ်နိုင်ပါသည်။ အခြား​သော ဓာတုဆေးရည်သွင်းပြီးကုသခြင်း၊ ဓာတ်ရောင်ခြည်​နည်းပညာဖြင့်ကုသခြင်း တို့ဖြင့်လည်း ပူးတွဲကုသနိုင်သည်။

============

  • TACE ပြုလုပ်ရန်အတွက် ​အောက်ပါ ဓါတ်မှန်ဆိုင်ရာဆရာဝန်ကြီးများနှင့် ကြိုတင်ရက်ချိန်းရယူပြီး စမ်းသပ်​ဆွေး​နွေးနိုင်ပါသည်။

ယခုကာလအတွင်း ဆရာဝန်ကြီးများ အချိန်အပြောင်းအလဲရှိနိုင်သဖြင့် ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်

Leave a Reply

Your email address will not be published. Required fields are marked *

  •  
    Previous Post

    Heart – Lung

  •  
    Next Post

    ERCP

Subscribe Newsletter

Address

Copyright © ARYU Hospital 2021. All Rights Reserved