
TACE
အသည်းကင်ဆာဝေဒနာများအား အသည်းသွေးကြောပိတ်ဆို့ကုသခြင်း Transcatheter arterial chemoembolization (TACE)
အသည်းကင်ဆာဖြစ်စေနိုင်သောအကြောင်းအရင်းများ
- အသည်းရောင် ဘီပိုး
- အသည်းရောင် စီပိုး
- အရက်၊ ဆိုးဆေး နှင့် Aflatoxin
အသည်းကင်ဆာရောဂါအား ကုသနိုင်သည့်နည်းလမ်းများ
- ခွဲစိတ်ကုသခြင်း
- အသည်းအစားထိုးကုသခြင်း
- ဓါတ်ရောင်ခြည်နည်းပညာဖြင့်ကုသခြင်း (Radio Frequency Ablation)
- ကင်ဆာအကျိတ် သေးသွားစေရန်၊ ပိုမိုကြီးထွားမလာစေရန် အသည်းသွေးကြောပိတ်ဆို့ကုသခြင်း (TACE)
- အသည်းသွေးကြောပိတ်ဆို့ကုသခြင်း (TACE) ဆိုသည်မှာ ခွဲစိတ်ကုသရန်မလိုဘဲ Interventional Radiology နည်းပညာ အသုံးပြု၍ အသည်းကင်ဆာ အကျိတ်ကို ထောက်ပံ့ပေးလျှက်ရှိသော သွေးကြောထဲသို့ ဓာတုဆေးသွင်းပြီး သွေးကြောပိတ်သွားအောင်ပြုလုပ်သည့်နည်းလမ်း (Embolization) ကိုအသုံးပြုခြင်းဖြစ် ပါသည်။
- အသည်းသွေးကြောပိတ်ဆို့ကုသခြင်း (TACE) ၏ အဓိကရည်ရွယ်ချက်မှာ အသည်းကင်ဆာအကျိတ်ကို အဓိကပံ့ပိုးနေသော သွေးကြောထဲသို့ ဓာတုဆေးများ တိုက်ရိုက်သွင်း၍ ကင်ဆာဆဲလ်များကို သေစေခြင်းဖြစ်သည်။ ကင်ဆာအကျိတ်အရွယ်အစားများ သေးငယ်စေရန် နှင့် ကင်ဆာအကျိတ် ကြီးထွားခြင်းကို နှေးသွားစေရန် အဓိကရည်ရွယ်ပါသည်။
(ကင်ဆာရောဂါအား အမြစ်ပြတ်ကုသရသည့်နည်းလမ်း မဟုတ်ပါ)
- TACE ပထမအကြိမ်ပြုလုပ်သော တုံ့ပြန်မှုအခြေအနေအပေါ်မူတည်၍ ထပ်မံကုသမှုခံယူရန် လိုအပ်နိုင်ပါသည်။ အခြားသော ဓာတုဆေးရည်သွင်းပြီးကုသခြင်း၊ ဓာတ်ရောင်ခြည်နည်းပညာဖြင့်ကုသခြင်း တို့ဖြင့်လည်း ပူးတွဲကုသနိုင်သည်။
============
- TACE ပြုလုပ်ရန်အတွက် အောက်ပါ ဓါတ်မှန်ဆိုင်ရာဆရာဝန်ကြီးများနှင့် ကြိုတင်ရက်ချိန်းရယူပြီး စမ်းသပ်ဆွေးနွေးနိုင်ပါသည်။
ယခုကာလအတွင်း ဆရာဝန်ကြီးများ အချိန်အပြောင်းအလဲရှိနိုင်သဖြင့် ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်